Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၃

A+ A-

Unicode……….

At Japan.2024….

သူများနိုင်ငံမှာ နေရတာ အဆင်ပြေတယ် တော့ဘယ်ရှိမလဲ.ခက်ခဲတာပေါ. ဒါမဲ့လည်းကြိုးစားမှုကိုအဓိကထားတဲ့ နိုင်ငံဆိုတော့ အလုပ်ကြိုးစားတဲ့ ကျွန်တော့ကို တကယ် ဂရုစိုက်ကြပါတယ်.ပထမတော့  ကြီးကြီးမားမား မဟုတ်တဲ့ စားသောက်ဆိုင် ငွေရှင်းကောင်တာမှာ စာရင်းကိုင်လုပ်ရတယ်.ဘာသာစကားကြွမ်းကျင်တော့ပိုအဆင်ပြေတာပေါ့.ကျွန်တော် က English အရမ်းညံ့တဲ့သူမဟုတ်တော့ ဂျပန်စာလေ့လာပြီး နိုင်ငံခြား ထွက်ခါနီးမို့ english ကို လေ့လာထားတာ အဆင်ပြေသွားတယ်.ဂျပန်လူမျိုးတွေက.  မိခင်ဘာသာ စကားကိုပဲ အလေးထားသူများတာကြောင့် တခြားလူမျိုးခြားစကားတွေ  ပြောဆိုတတ်သူရှားတယ်.အဲ့တော့ ဘာသာစကား တော်တော်များ ပြောဆို တတ်တဲ့ ကျွန်တော့်အတွက် ကောင်တာမှာ အဆင်ပြေတယ်.လစာကတော့ သိတဲ့အတိုင်း  ဆိုင်က သန့်ရှင်းရေးတောင်ကျွန်တော်တို့နိုင်ငံက မန်နေဂျာလစာ နီးပါးရလောက်တယ်………
.
.
.
.
.

.
.
.
.

ကျွန်တော့အတွက်ကတော့ တစ်နှစ်လောက်လုပ်ရင် ဒီကိုလာဖို့ သုံးခဲ့တဲ့ပိုက်ဆံတွေ အကြွေးကျေ မယ်ထင်တယ်.နေရာကတော့   သူတို့နိုင်ငံကကျောင်းသားတွေပဲအများဆုံးနေတဲ့ အဆောင်ခန်းမှာနေဖြစ်တယ်. ၁၀ ပေ ပတ်လည် လူတစ်ယောက်အိပ်စာလောက်ပဲရှိတယ်.ထမင်းဟင်းလဲ ချက်လို့မရဘူး.ဆိုင်မှာပဲဖြစ်သလိုစားတဲ့ ကျွန်တော့အတွက်တော့ အခက်ခဲမရှိပါဘူး.အခန်းခကလည်း နည်းတော့  အပိုငွေထွက်တယ်ဆိုတာမရှိသလောက်ပဲ.တစ်နှစ်ကျော်ကြာတော့ အကြွေးကကျေသလောက်နီးပါးဖြစ်နေပါပြီ . ဆိုင်ပိုင်ရှင်အန်တီက အလုပ်ကြိုးစားလို့ကျွန်တော့ကို သူ့အသိ ဟိုတယ်မန်နေဂျာ တစ်ယောက်နဲ့မိတ်ဆက်ပေးတယ်. ပြောပုံအရ ဟိုတယ်က အရမ်းကြီးကျယ် ပုံပဲ.ကျွန်တော် ဟိုတယ် လိုက်ကြည့်တော့ ဟုတ်တာပေါ့ ခမ်းနားတာမှ ပြောမရအောင်ပဲ
ခမ်းနားဆို တိုကျို မြို့ရဲ့ နံပါတ် ၁ ကြယ်ငါးပွင့်
Sakura hotel  . လစာ ကလည်း  အရင်ဆိုင်နဲ့စာရင် ၅ ဆလောက်ကွာတယ်.

#ဂျပန်ဘာသာဖြင့်  ​ပြောခြင်းလို့ သတ်မှတ်ပေးပါ☺#

” ကျေးဇူးတင်ပါတယ် အန်တီ..
ခုချိန်ထိ ကျွန်တော့် ကို သားတစ်ယောက်လို စောင့်ရှောက် ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”

တကယ်ကို စိတ်ထားကောင်းတဲ့ အန်တီပါ.ဂျပန်ရောက်ခါစ အခက်ခဲ ဖြစ်နေတဲ့ ကျွန်တော့ကို
စိတ်ရှည်ပြီး တစ်ခုချင်းစီ သေချာ ရှင်းပြပေတယ်.

” ရပါတယ်သားရယ် သားလိုအရည်ချင်းရှိတဲ့ လူတစ်ယောက်ကို ဒီလို ဆိုင်သေးလေးမှာပဲ သားအရည်အချင်းတွေ အချိန်တွေကို မဖြုန်းတီးစေချင်ဘူး..သားနဲ့ လိုက်ဖက်တဲ့ နေရာမှာပဲ သားရဲ့ အရည်အချင်း တွေကိုအသုံးချသင့်တယ်”

နိုင်ငံခြား ဧည်သည်တွေ အများအပြား လာတယ်.တစ်နေကုန် နားရတယ်လို့ မရှိဘူး  တစ်ခါတလေ နေ့ရောညပါ ဆက်တိုက် လုပ်ရတာမျိုးရှိတယ်.ပင်ပန်းပေမဲ့လည်း ရတဲ့လစာနဲ့တန်တယ်လေ. ပင်ပန်းလည်းပိုက်ဆံမျက်နှာ ကြည့်ရမှာပေါ့. ဒီ ဟိုတယ်မှာ လုပ်ပြီး ၃ နှစ်နီးပါးကြာတော့.မြန်မာနိုင်ငံက အမေတို့အတွက် ပေ၄၀ ပတ်လည်  အိမ်ရော ခြံပါ ဝယ်ပေးနိုင်ခဲ့ပြီ.ဒီလိုကျတော့လည်း ပင်ပန်းခဲ့တဲ့နေ့ရက်တွေက ဘယ်ရောက်မှန်းတောင်မသိတော့ဘူး.ကျွန်တော် ကျေနပ်ပါတယ် ခုဆို ကျွန်တော့် အိမ်
ချမ်းချမ်းသာသာနဲ့ ငွေအတွက်ပူပင်စရာမရှိနေနိုင်ပြီ.

.
.
.
.

အလုပ်ဝင်ပြီး တစ်နှစ်လောက်ကြာတော့ ဂျာကြီးကပြောတယ် မင်းက ဧည့်ကြိုအလုပ်ထက် ဟိုတယ် စီမံခန့်ခွဲရေးပိုင်းမှာ ပိုသင့်တော်တယ်ဆိုလို့  ဟိုတယ်က ထားပေးတဲ့ စီမံခန့်ခွဲရေး သင်တန်းလည်း အချိန်ကြာ တက်လိုက်ရသေးတယ်.ပထမ ဂျာကြီးက သူ့လက်ထောက်အနေနဲ့ ခိုင်းပြီး အခု ဂျာကြီးအနားယူသွားတော့  ကျွန်တော်က မန်နေဂျာဖြစ်နေပြီ.ကျွန်တော် အမြဲတောင်းနေကြ ဆုတစ်ခုရှိတယ်.

(အရှင်ဘုရား တပည့်တော်သည်  ရှေးရှေးဘဝ ယခုဘဝ ပြုလုပ်ခဲ့တယ် ကုသိုလ်ကောင်းမှုတွေကြောင့် တပည့်တော်သည်  မည်သည့်အရပ် မည်သည့်ဒေသ မည်သည့်အချိန် ဖြစ်ပါစေ သူတော်ကောင်း များနှင့်သာ တွေ့ဆုံရပါလို၏  )

ကြည့်ရတာ အဲ့ဆု က ပြည့်တယ်ထင်တယ် .
တစ်ယောက်သောသူနဲ့ က  လွဲလို့ပေါ့.
.
.
.
.

.
.

.
.
.
.
.
.

9 .10 .2028.

ဒီနေ့   ကျွန်တော့် ကလေးလေး…….. ဆုံးတာ

၈ နှစ်ပြည့်တဲ့နေ့ ……

ဒီနေ့ခွင့်ယူတယ်.နှစ်တိုင်းမှာ ဒီနေ့ဆို အပြင်သွားပြီး ဂျပန်မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းမှာ
ကလေးလေးအတွက် ကုသိုလ်ကောင်းမှုပြုဖြစ်တယ်.
ဘုန်းတော်ကြီးတွေရဲ့အဝတ်( မြန်မာလိုဆို
သင်ကန်း) တတ်နိုင်သလောက်လျှော်ပေးတယ်.
တံမျက်စည်းလှည်း…သန့်ရှင်းရေးလုပ်စတာတွေကအစ….
တစ်နှစ်တစ်ခေါက်လောက်ပုံမှန်…မိဘမဲ့ဂေဟာတွေမှာ..ကလေးလေးတွေအတွက်..ထောက်ပံ့ငွေလှူတယ်…….(မြန်မာလိုဆိုလှူတာပေါ့နော်…သူတို့နိုင်ငံမှာတော့ ဘယ်လိုယူဆလဲ သာသာလဲမသိလို့ပါ….အမှားပါရင်နားလည်ပေးကြပါ..”

သားသားလား မီးမီးလား မသိလိုက်ရတဲ့…..
ကလေး မျက်နှာလေးတောင် မမြင်လိုက်ရတဲ့ကလေး ……ကျွန်တော်…လွမ်းဆွတ်မိတယ်
ဒီနေ့မှ  လွမ်းတာတော့မဟုတ်ဘူး ဘယ်တုန်းကမှ မမေ့ပျောက်ခဲ့ဘူးတာ  ရင်ထဲမှာအမြဲရှိတယ် အပြင်မှာသာထုတ်မပြတာ………

သူလား တစ်ခါတစ်လေတော့လည်း တွေချင်မိပါတယ်.ဒါမဲ့လည်း လွမ်းတာရှိရင် နာတာ နဲ့ဖြေ တဲ့. သတိရစိတ်တွေ ဖြစ်လာရင် အလုပ်ပဲဖိလုပ်လိုက်တယ်. ဘာလိုများ မေ့ဖို့ ဒီလောက်ထိခက်နေရတာလဲဗျာ.အချိန်တွေက ကုစားသွားမယ် ဆိုပေမဲ့ ကျွန်တော်ကျ ဘာလို့ အလိုမဖြစ်လာရတာလဲ.

ပထမဆုံးအချစ်  အရာအားလုံး ပေးအပ်ပြီ ချစ်ခဲ့ရတဲ့သူ ………
မဟုတ်ဘူး အခုထိလည်း ချစ်နေရတဲ့ ………..
တစ်ယောက်ထဲသောသူ …………………………..
သိပ်ချစ်မိပါတယ် ……..
သိပ်လည်းနာကြီး မုန်းတီးမိပါတယ်…..
.
.
.
.
.
.

.
.
ဟိုတယ်တွင် ဝန်ထမ်းမလေးများ….
( japan ဘာသာဖြင့်)

” ဟဲ့ ဒီနေ့   မန်နေဂျာ မလာဘူးမလား
ပိတ်ရက် ဆိုရင် တောင် အမြဲအလုပ်လာတဲ့
ဂျာကြီးက ဒီနေ့ခွင့်ယူတယ်တဲ့
တကယ်ထူးဆန်းတယ်
ကောင်မလေးများ ရနေတာလားမသိဘူး
သွားပါပြီ ငါ ဂျာကြီး တော့  အီး……”

ငိုမဲ့မဲ့ပုံ လုပ်ပြနေတဲ့သူ့ကို

” နင်မသိဘူးလား
နင်ကရောက်တာမကြာသေးလို့…
ငါ လုပ်လာတဲ့ ၄ နှစ် အတွင်း
ဂျာကြီး ဧည့်ကြို မှာလုပ်ကတည်းကနေ
အခုဂျာကြီး ဖြစ်တဲ့အထိ
နေ့တိုင်းအလုပ်လာ အမြဲကြိုးစားနေပေမဲ့
တစ်နှစ်လုံး ဒီနေ့ရောက်တိုင်း
ဘယ်လောက်ပဲ အလုပ်ကိစ္စအရေးကြီးကြီး
ဘာတွေပဲဖစ်နေနေ  အလုပ်လုံးဝမလာဘူး
အမြဲခွင့်ယူတယ်  “

“နင်က ဘယ်လို သိတာလဲ”

“ငါသိတာ မထူးဆန်းပါဘူး
ဒီမှာလုပ်တဲ့သူတိုင်း  နှစ်ကြာတဲ့သူမှန်သမျှ
ဂျာကြီး အကြောင်း  အကုန်သိတယ်
မေးကြည့်တော့လည်း  ဒီတိုင်း နားချင်လို့
ပဲဖြေတယ်”

” ဂျာကြီးက ကောင်မလေးမထားဘူးလားမသိဘူးနော်…
ဒါလည်း ကောင်းပါတယ်…ငါတို့အတွက်အခွင့်ရေးရှိတာပေါ့…ဟီးးဟီးး😊”

“မထင်တာ…
ဒီလောက်နှစ်တွေအကြာကြီး..
တို့ hotel ကို အလုပ်ကိစ္စနဲ့ရော.တခြားကိစ္စတွေနဲ့ရော လာတဲ့ ဧည့်သည်မလေးတွေ နိုင်ငံအနှံပြားကပဲ ……
ဂျာကြီးကို ဘယ်လိုပဲ ပိုးပန်းပါစေ
ဂျာကြီးက ဧည့်သည်ထက်ပိုပြီး မဆက်ဆံဘူး…
နောက်ဆုံးတော့ အကုန်လုံးလက်လျှော့သွားကြတာချည်းပဲ…
တစ်ချို့ဆို…..လုံးဝဘောစိမလေးတွေနော်..
ငါတော့ ဂျာကြီးကိုတော့….လုံးဝလက်လန်တယ်”
.
.
.
.
.
.
.
.
.
.
.
.

2 နှစ်ကြာ  ဘာလိုလိုနဲ့ ကျွန်တော် ဒီမှာ 6 နှစ်လောက်ကြာပြီ.အိမ်က ပြန်ခေါ်ပေမဲ့ ပိုက်ဆံ ရှာချင်သေးတယ်ဆိုပြီ မပြန်ဘူး.မပြန်ချင်တာဆိုပိုမှန်လိမ်မယ်.အခုတော့ မပြန်လို့ မဖြစ်တော့ဘူး. ဟိုတယ် ဥက္ကဋ္ဌ က ကျွန်တော့်ကို မြန်မာနိုင်ငံ  ဟိုတယ်အခွဲလွှတ်တယ်.ရုံးချုပ်က အုပ်ချုပ်သူ တစ်ယောက်အနေနဲ့  ယုံကြည်လို့ ကျွန်တော့ကိုလွှတ်လိုက်တယ်.ပျော်ရမလားမသိပေမဲ့ ကျွန်တော်လည်းအိမ်ကိုလွမ်းနေပြီလေ.အိမ်ကလည်း အတင်းခေါ်နေပြီ အမေတို့ အေးဆေး
နေနေ ရပြီကို ထပ်ပြီး လောဘကြီးမနေနဲ့တဲ့. ပြန်လာပြီး ကိုယ့်နိုင်ငံမှာ အခြေချတော့တဲ့.
ကျွန်တော်လည်း ဥက္ကဋ္ဌ ပြောတဲ့အစီစဥ်ကိုလက်ခံလိုက်တယ်.

Zawgyi………

At Japan.2024….

.
.
.
.
.

.
.
.
.







.
.
.
.



.
.
.
.

.
.

.
.
.
.
.
.

9 .10 .2028.


၈ နှစ်ပြည့်တဲ့နေ့ ……




တစ်ယောက်ထဲသောသူ …………………………..
သိပ်ချစ်မိပါတယ် ……..
.
.
.
.
.
.

.
.
( japan ဘာသာဖြင့်)

တကယ်ထူးဆန်းတယ်


” နင်မသိဘူးလား
အမြဲခွင့်ယူတယ်  “

“နင်က ဘယ်လို သိတာလဲ”

“ငါသိတာ မထူးဆန်းပါဘူး
ပဲဖြေတယ်”


“မထင်တာ…
.
.
.
.
.
.
.
.
.
.
.
.


Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၃, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၃, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၃ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၃ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၃ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၃ light novel, ,

Comment

Leave a Reply

Chapter 14